စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့်လှူ ဖွယ်ပစ္စည်းများ လှူဒါန်း

ကလေးဝ အောက်တိုဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ကိုဗစ်-၁၉ ကာလ ဘုန်းတော်ကြီးကျောင်းများ ဆွမ်း၊ ကွမ်း အခက်အခဲ မရှိစေရေးအတွက် ယမန်နေ့ နံနက် ၉ နာရီက ဆွမ်းဆန်တော်နှင့် လှူဖွယ် ပစ္စည်းများကို ဘုန်းတော်ကြီးကျောင်းများသို့ ဆက်ကပ်လှူဒါန်းခဲ့သည်။

ယင်းသို့ လှူဒါန်းရာတွင် မြို့နယ်အဆင့် Coronavirus Disease (COVID-19) ကာကွယ်ထိန်း ချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းနှင့် တာဝန် ရှိသူများက မြို့ပေါ်ဘုန်းတော်ကြီးကျောင်း ၆ ကျောင်းအား ကိုဗစ်-၁၉ ကာလ ဆွမ်း၊ ကွမ်း အခက် အခဲ မရှိစေရေးအတွက် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းလျှင် ငွေသား (၅၀၀၀၀) ကျပ်၊ ဆွမ်း ဆန်တော်နှင့် ပါးစပ် နှာခေါင်းစည်း Mask များအား ဆက်ကပ်လှူဒါန်းခဲ့ရာ ကျောင်းထိုင် ဆရာတော် များက လက်ခံရယူခဲ့ကြောင်း သိရသည်။

သက်ဟန်(ကလေးဝ)