မြို့သစ်တွင် နွေနှမ်းသုတေသနပြုစမ်းသပ်ကွက်တောင်သူ ပညာပေးကွင်းသရုပ်ပြပွဲ ကျင်းပ

မြို့သစ် ဇွန် ၂၁

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ခုနှစ် မဲခေါင်-လန်ချန်းအထူးစီမံကိန်း နွေနှမ်းသုတေသနပြုစမ်းသပ်ကွက်၊ တောင်သူပညာပေးကွင်းသရုပ်ပြပွဲကို မြို့သစ်မြို့နယ် မြေပြင်သာကျေးရွာအုပ်စု၊ သန်းကုန်းကျေးရွာ၊ နေပြည်တော်-မြို့သစ်-ကံပြား၊ မကွေးကားလမ်းဘေး မိုင်တိုင်အမှတ်(၄၅/၅)တွင် ယနေ့နံနက် (၉)နာရီက ဆောင်ရွက်ခဲ့သည်။

အဆိုပါ "မဲခေါင်-လန်ချန်းအထူးစီမံကိန်း နွေနှမ်းသုတေသနပြုစမ်းသပ်ကွက် တောင်သူပညာပေးကွင်းသရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ဒေသခံတောင်သူများအဖွဲ့သည် အဆိုပါ နွေနှမ်းစိုက်ခင်းတွင် ဘောင်စနစ်ဖြင့် ပျိုးထောင်ပြသခြင်းအား ကြည့်ရှု့လေ့လာခဲ့ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးဇော်မိုးလွင်က လိုက်လံရှင်းလင်း ပြသခဲ့​ကြောင်း သိရသည်။

သန်းဝင်းထွန်း ( ပြန်/ဆက်)