စုကလိ ဇွန် ၂၁
ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးမှ ယမန်နေ့ မွန်းလွဲပိုင်းအချိန်က မူလတန်းအဆင့် ဆေးရောင်းခြယ်ပြိုင်ပွဲအား လူထုအခြေပြုဗဟိုဌာန Community Center တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးမှ အငယ်တန်းစာရေး အင်အားပြ ဒေါ်စိုးမို့မို့ဌေးက ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက် အားရှင်းလင်း ပြောပြပြီးနောက် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(စုကလိ)မှ မူလတန်းကျောင်းသူ/သား (၁၀) ဦးခန့် ဝင်ရောက်ယှဥ်ပြိုင်ကြပြီး ဆုရရှိသူများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ပိုပိုအောင်