ကျောက်ကြီးမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများထုတ်ပေး

ကျောက်ကြီး ဇွန် ၂၁

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မြန်မာ့စီးပွာရေးဘဏ်၌ ယနေ့နံနက်ပိုင်းကနိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများထုတ်ပေးလျက်ရှိကြောင်း သိရသည်။

 ထိုသို့ထုတ်ပေးရာတွင် ကျောက်ကြီးမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်စားဦးရေ(၁၁၀၀)ကျော်ခန့်ရှိရာ၊ ယနေ့၌နိုင်ငံ့ဝန်ထမ်းအငြိမ်းစား(၃၀၀)ကျော်ခန့်အား ဘဏ်လုပ်ငန်းချိန်အတွင်းထုတ်ပေးသွားမည်ဖြစ်ပြီး ကျန်ရှိသူများအား နောက်ရက်ဘဏ်လုပ်ငန်းချိန်အတွင်း၌ ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာထံမှ သိရသည်။

ပင်စင်လစာများထုတ်ပေးနေစဉ်အတွင်း ကျောက်ကြီးမြို့နယ် ပင်စင်စားအငြိမ်းစားဝန်ထမ်းများအား သက်တောင့်သက်သာနားနေနိုင်ရန် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီစီစဥ်ဆောင်ရွက်ပေးထားပြီး ပင်စင်လစာငွေများထုတ်ယူနိုင်ရေး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်