ချောက် ဇွန် ၂၁
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ယနေ့နံနက် ၆နာရီမှ မွန်းလွဲ ၂နာရီထိ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ထုတ်ပေးရာတွင် ချောက်မြို့ မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးခြင်းကို နိုင်ငံတော်အစိုးရက သတ်မှတ်ထားသော အများပြည်သူ့ ရုံးပိတ် ရက်များမှအပ ရုံးဖွင့်ရက်များတွင် ထုတ်ပေးလျက်ရှိကြောင်း၊ ဇွန်လ ၂၁ ရက်နေ့က စတင်ကာ အငြိမ်းစားဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးညွှန်ကြား ချက်နှင့်အညီ ထုတ်ပေးလျက်ရှိပြီး ပင်စင်လစာငွေထုတ်ယူမည့် အငြိမ်းစားဝန်ထမ်းပြောင်းရွေ့၊ ကင်းကွာ၊ နှစ်လွန်သူယခုလတွင် (၁၉)ဦး လျော့သွား၍ စုစုပေါင်းပင်စင်ထုတ်ယူမည့်သူ (၃၃၉၈)ဦး ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်တာဝန်ရှိသူထံမှ သိရသည်။
ကျော်မိုး(ပြန်/ဆက်)