ရေစကြိုမြို့နယ်တွင် ပလတ်စတစ်ညစ်ညမ်းမှု အန္တရာယ်အကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show) ပြုလုပ်

ရေစကြို ဇွန် ၂၁

ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် ပလတ်စတစ်ညစ်ညမ်းမှု အန္တရာယ်အကြောင်း သိကောင်းစရာများ အသိပညာပေး (Talk Show) ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမမှာ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ လေ့လာသိရှိ နိုင်စေရန်၊ သိရှိလိုက်နာ သင့်သည့်အချက်များအား သိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်သည်။

အဆိုပါ (Talk Show) တွင် ရေစကြိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသန်းမြင့်က ပလတ်စတစ်ညစ်ညမ်းမှု အန္တရာယ်များနှင့်ပတ်သက်၍ ပလတ်စတစ်၏အဓိပ္ပါယ်၊ ပလတ်စတစ်တွေ၏ ညစ်ညမ်းမှုကြောင်း၊ မြန်မာနိုင်ငံတွင် မျက်မှောက်ကာလ ပလတ်စတစ် သုံးစွဲမှုများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်နေမှု အခြေအနေများ၊ ပလတ်စတစ်ထုတ်လုပ်မှု အခြေအနေများ၊ ပလတ်စတစ်ရဲ့ဆိုးကျိုးများ၊ ပလတ်စတစ် ညစ်ညမ်းမှုများကို ဖြေရှင်းနိုင်မည့်နည်းလမ်းများ၊ ပလတ်စတစ်ကပေးသည့် အန္တရာယ်များ၊ ပလတ်စတစ်ညစ်ညမ်းမှုကြောင့် လူမှုစီးပွားရေးအပေါ် သက်ရောက်မှုများ၊ ပလတ်စတစ်ညစ်ညမ်းမှုများကို လျော့ချနိုင်မည့် နည်းလမ်းများကို ဆွေးနွေးမေးမြန်းရာ ဦးစီးအရာရှိ ဦးမျိုးမြင့်အောင်က ပလတ်စတစ်ညစ်ညမ်းမှု အန္တရာယ်များအကြောင်းကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ဆွေးနွေးပြောကြားခဲ့ရာတွင် ပလတ်စတစ်ညစ်ညမ်းမှုကို လျှော့ချသုံးစွဲရန် (Reduce) လျှော့သုံးခြင်း၊ (Reduce) ပြန်လည်အသုံးပြုခြင်း၊ (Recycle) ပြန်လည် ပြုပြင်ထုတ်လုပ်ခြင်းစသည့် (3Rs)စနစ်ကို လိုက်နာကျင့်သုံး သင့်ကြောင်းနှင့် ပလတ်စတစ်သုံးစွဲမှု၊ ထုတ်လုပ်မှုများကို လျော့နည်းလာအောင် လိုက်နာဆောင်ရွက်ခြင်းဖြင့် ပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှု၊ အဏ္ဏဝါဂေဟစနစ်ညစ်ညမ်းမှု မရှိစေဘဲ သဘာဝသယံဇာတအရင်းအမြစ်များ လျော့နည်းဆုံးရှုံးမှုများကို ကာကွယ်တားဆီးရေးနှင့် စဉ်ဆက်မပြတ် အကျိုးရှိစွာ အသုံးပြုနိုင်မည်ဖြစ်ပြီး ပိုမိုကောင်းမွန်တဲ့ သဘာဝပတ်ဝန်းကျင်ရရှိဖို့အတွက် လူသားများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက် သင့်ပါကြောင်း ဆွေးနွေးပြောကြား ခဲ့ကြောင်း သိရသည်။

မောင်လုလင်(ရေစကြို)