ရွှေဘိုခရိုင် ခင်ဦးမြို့နယ်တွင် စံချိန်စံညွှန်မီ မိုးစပါးမျိုးစေ့များ ရရှိရေး ကွင်းဆင်းပညာပေးဆောင်ရွက်

ခင်ဦး အောက်တိုဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ၊ မြို့မ(၂) နည်းပညာပြန့်ပွားရေးစင်တာနယ်မြေအတွင်းရှိ စောကြီး‌ကျေးရွာအုပ်စုတွင် (CERP) အစီအစဉ်ဖြင့် ဆောင်ရွက်ထားသော မိုးစပါးရွှေဘိုပေါ်ဆန်း မျိုးစေ့ ထုတ်ကွက်များကို အောက်တိုဘာလ ၈ ရက်နေ့က စိုက်ပျိုးရေးဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးပြီး ပညာပေး လုပ်ငန်းများ ဆောင်ရွက် ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် တောင်သူများ၏ မျိုးစေ့ထုတ် စိုက်ကွက်များအတွင်း ကွင်းဆင်းစစ်ဆေးပြီး တောင်သူ များအား ပေါင်းမြက်များရှင်းလင်းရန်၊ မျိုးကွဲတွေ့ရှိပါက နုတ်ပယ်ရန်နှင့် သဘာဝပိုးသတ်ဆေးများကို ပြုလုပ် သုံးစွဲ ကြရန်၊ မလိုအပ်ဘဲ ဓာတုပိုးသတ်ဆေးဖျန်းခြင်းများ မပြုလုပ်ကြရန်နှင့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ သိရှိ လိုပါက ဆက်သွယ်မေးမြန်းနိုင်ကြောင်း ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ခင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု  (CERP) အစီအစဉ်ဖြင့် ရွှေဘိုပေါ်ဆန်း မျိုးစေ့ထုတ်ရန် အတွက် ကျေးရွာပေါင်း (၂၉) ရွာ၊ တောင်သူပေါင်း (၁၆၇) ဦးမှ စိုက်ဧက (၁၁၅၀) ကို စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ် စိုက်ပျိုးရေး ဦးစီးမှူး ဒေါ်လှကြိုင် ၏ပြောကြားချက်အရ သိရသည်။

စိုးဝေအောင်(ခင်ဦး)