လပွတ္တာ ဇွန် ၂၁
အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ရည်ကိုယ်သွေး၊ ဉာဏ်ရည် ဉာဏ်သွေး တိုးတက်မြှင့်မား လာစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၁၁ နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အ.ထ.က(၁) အထက်တန်းကျောင်း၌ လူငယ် ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဦးတင်မောင်ဦးမှ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာမြင့်မားဖို့ စာဖတ်ကြပါစို့ ခေါင်းစဉ်ဖြင့် ဆွေးနွေးရာ စာပေဖတ်ရှု လေ့လာခြင်းသည် အသိဉာဏ်ပညာ ဗဟုသုတ များစွာ တိုးပွားစေခြင်း၊ လက်တွေ့ဘဝတွင် လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း၊ အမှား၊ အမှန်ကို ကောင်းစွာ ဝေဖန်ပိုင်းခြားနိုင်ခြင်း၊ စာပေဖတ်ရှုခြင်းဖြင့် အကျိုးကျေးဇူးများစွာ ရရှိနိုင်ခြင်း၊ မူးယစ်ဆေးဝါးများအား ရှောင်ကြဉ်ရန်၊ မူးယစ်ဆေးဝါး သားကောင်များအဖြစ် မခံစေရန် အစရှိသည့် အသိ ပညာပေး အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်