တန့်ဆည် အောက်တိုဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အဆောက်အဦသစ်ကို ယခုနှစ် ဖေဖေါ်ဝါရီ(၇)ရက်နေ့မှ စတင်ဆောက်လုပ်ခဲ့ရာ စက်တင်ဘာ (၃၀) ရက်နေ့က ရာနှုန်းပြည့်ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ် (၄၈.၈)သန်းဖြင့် အလျား(၄၈)ပေ၊ အနံ(၃၆)ပေ၊ အမြင့်(၁၂)ပေ RC တစ်ထပ် ဖြစ်ပြီး ယင်းတည်ဆောက်ရေးလုပ်ငန်းများကို ကောင်းမြတ်မိုးဆွေကုမ္ပဏီမှ တာဝန်ယူဆောက် လုပ်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ငြိမ်းမင်းထွန်း(တန့်ဆည်)