ကသာ ဇွန် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ အခြေခံစံနှုန်းနှင့် သတ်မှတ်စည်းကမ်းချက်များ ရှိ/မရှိ ကွင်းဆင်းစစ်ဆေး ခြင်းကို ယနေ့ နံနက် (၉)နာရီခွဲ အချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ကသာမြို့ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီအဖွဲ့ဝင်များက အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၁)/ အမှတ်(၃) အခြေခံပညာ အလယ်တန်း ကျောင်းနှင့် အမှတ်(၄) အခြေခံပညာ မူလတန်းကျောင်းတို့တွင် ကျောင်းပတ်ဝန်းကျင် စိမ်းလန်း စိုပြည်စေရေးအတွက် သတ်မှတ်ထားသော အခြေခံစံနှုန်း (၄)ချက်ပါဝင်သည့် ကျောင်းအခြေ အနေနှင့် လိုက်လျောညီထွေမှုရှိသည့် လုပ်ငန်းစဉ်များ၊ ကျောင်းသား/ကျောင်းသူများ ပါဝင်သည့် ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ လုပ်ငန်းများ၊ ရေနှင့်စွမ်းအင်ချွေတာသော အလေ့အကျင့် ကောင်းများ၊ စည်းမျဉ်းစည်းကမ်းများ၊ ကျောင်းမြေ နေရာရရှိမှုအပေါ် မူတည်ပြီး အမျိုးအစား စုံလင်သော အပင်များဖြင့် စိမ်းလန်းစိုပြည်သော ကျောင်းပတ်ဝန်းကျင်နှင့် နှစ်ရှည်၊ နှစ်တို သီးပင်စာပင်၊ ပရဆေးပင်၊ ပန်းပင်၊ ရာသီပေါ်သီးနှံများ၊ စွန့်ပစ်အမှိုက်များအား အမျိုးအစားခွဲ၍ စနစ်တကျစွန့်ပစ်မှုအခြေအနေများ၊ ပတ်ဝန်းကျင်ဆိုင်ရာ လုပ်ငန်းများကို ဒေသတွင်းရပ်ရွာ အခြေပြုအဖွဲ့အစည်းများ၊ အစိုးရအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ချိတ်ဆက်၍ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေးတို့ကို ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များ ကိုလည်း ကော်မတီအဖွဲ့ဝင်များက ပူးပေါင်းဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ကသာခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ကသာခရိုင်ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ကျော်စွာ(ကသာ)