ကျောက်တံခါး ဇွန် ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို သတင်းစကားလက်ကမ်းစာစောင်အား ယနေ့ နံနက်(၁၀)နာရီအချိန်က အ.ထ.က(ကျောက်တံခါး)နှင့် အ.ထ.က(အနောက်ရပ်)ကျောင်းတို့၌ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါသတင်းစကားလက်ကမ်းစာစောင်တွင် "ထိထိရောက်ရောက် ရှာဖွေဖော်ထုတ်" (နိုင်ငံတော်စီမံအုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့် အမှာစကားကောက်နုတ်ချက်)၊ မူးယစ်ဆေးဝါးအန္တရာယ် အမျိုးသားရေးအသွင်တိုက်ဖျက်(ဆောင်းပါး)၊ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များ၊ စာရေးဆရာ နုခန့်ယဥ်(ရစ်ကန်ကြီး)ရေးသားထားသော မူးယစ်ဆေးဝါး တို့ရှောင်ရှား(ကဗျာ)၊ မူးယစ်ကိုပစ် ပန်းတိုင်သစ် စိတ်သစ် လူသစ် ဘဝသစ် (ဆောင်ပုဒ်)၊ မူးယစ်ဆေးသုံးစွဲရခြင်းအကြောင်းအရင်း အစရှိသည့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးများပါရှိသည့် လက်ကမ်းစာစောင်များကို မြို့ပေါ်ရပ်ကွက်ရှိ အခြေခံပညာကျောင်းများနှင့် လူစည်ကားရာနေရာများ၌ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ ဆက်)