ပုလောမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (အကြို) အသိပညာပေး Talk Show ပြုလုပ်

ပုလော ဇွန် ၂

၂၀၂၃ ခုနှစ် ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် (အကြို) အသိပညာပေး Talk Show ကို ဇွန်လ ၁၉ ရက်နေ့ ညနေ ၃ နာရီက Community Centre ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Talk Show တွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်အေးအေးမော်က ကျောင်းသားလူငယ်များအနေဖြင့် ဗလငါးတန်ဖွံ့ဖြိုးသော လူငယ်များဖြစ်လာဖို့ မူးယစ်ဆေးဝါးအန္တရာယ်ကို သိရှိ‌ကာကွယ်နိုင်စေရန်နှင့်  မူးယစ်ဆေးဝါးအန္တရာယ်ကို အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် ပူးပေါင်းတိုက်ဖျက်နိုင်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်အေမီလှိုင်က မူးယစ်ဆေးဆိုသည်မှာ၊ မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးသုံးစွဲရခြင်း၏ အဓိက အကြောင်းအရာများ၊ ကျောင်းသား/လူငယ်များအနေဖြင့် လိုက်နာရမည့်အချက်များကို  အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။     

အေးအေးမော်(ပုလော)