ရွှေတောင်မြို့နယ်တွင် အီလက်ထရောနစ် စနစ်ဖြင့် ဇီဝဆိုင်ရာအချက်အလက်များ ( Biometric Data) ကောက်ယူရေးလုပ်ငန်းအစည်းအဝေးကျင်းပ

ရွှေတောင်ဇွန် ၂၀

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းက အီလက်ထရောနစ် စနစ်ဖြင့် ဇီဝဆိုင်ရာအချက်အလက်များ (Biometric Data) ကောက်ယူရေးလုပ်ငန်း Smart Card ပြုလုပ်ပေးနိုင်​ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က Smart Card ပြုလုပ်ပေးနိုင်လုပ်ငန်းဆောင်ရွက်နိုင်ရေး အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး  ဦးသန်းထူးက e-ID စနစ်၏ အဓိကရည်ရွယ်ချက်ဖြစ်သော ပြည်သူများ၏ လူမှုစီးပွားရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရာ၌ ပိုမိုလွယ်ကူလျင်မြန်လာစေရန်၊  မြန်မာနိုင်ငံအတွင်း နေထိုင်သူများကို စိစစ်နိုင်သည့် တစ်ခုတည်းသော နံပါတ် Unique ID ထုတ်ပေးရန်နှင့် ဥပဒေနှင့်အညီ နိုင်ငံသားဖြစ်ခွင့်ရှိသူ အသက် (၁၀) နှစ်နှင့်အထက်များအားSmart Card ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းနှင့် e-ID စနစ် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအဆင့်(၅)ဆင့်ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းကြရာ သက်ဆိုင်ရာ ဌာနမှဆွေးနွေးဖြေကြားပေးခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန် / ဆက်)