မအူပင်မြို့တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အတက်ရောဂါ ကာကွယ်စောင့်ရှောက်ရန် အသိပညာပေး ဟောပြော

မအူပင် ဇွန် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဦးဆောင်ကျင်းပသည့် အတက်ရောဂါကာကွယ်စောင့်ရှောက်ရန် အသိပညာပေး ဆွေးနွေး ဟောပြောပွဲ စီမံချက်ကို ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းက အဖွင့်အမှာစကားပြောကြားရာ၌ ကမ္ဘာပေါ်တွင် လူဦးရေသန်း (၅၀)ကျော်သည် အတက်ရောဂါ ဝေဒနာကို ခံစားနေရပြီး မြန်မာနိုင်ငံတွင်လည်း အတက်ရောဂါကို ခံစားနေရသူ ဦးရေ(၅)သိန်းခန့်ရှိမည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ခန့်မှန်းထားကြောင်း၊ အတက် ရောဂါအား မိသားစုအလိုက် ဆေးမှန်မှန်သောက် မှသာ ပျောက်ကင်းမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ‌စိုးသက်က အတက်ရောဂါအကြောင်း ကုသမှုခံယူနိုင်ရန် ကျန်းမာရေးစောင့်ရှောက်မှုများကို ရှင်းလင်းပြောကြားပြီး အတက်ရောဂါဝေဒနာ ဖြစ်ပွားပုံများကို ဗီဒီယိုဖိုင်များဖြင့် ပြသကာ ဆွေးနွေးပွဲပြီးမြောက်ကြောင်း သိရသည်။            

မအူပင်ခရိုင်(ပြန်/ဆက်)