မအူပင်မြို့၌ ၂၀၂၃ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

မအူပင် ဇွန် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌ရေးဝန်ကြီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနက ကြီးမှူး၍ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတစေရေး၊ အပူဒဏ်ကာကွယ်နိုင်ရေးနှင့် သစ်တော၊ သစ်ပင်တန်ဖိုးများအား ကျောင်းသား/ ကျောင်းသူများ အလေးထားသိရှိနိုင်စေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲအား ယနေ့ နံနက် ၈ နာရီအချိန်က အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းဝန်းအတွင်း ကျင်းပသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးအောင်စက်ပိုင်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍ မန်ဂျန်ရှား (၁၀၀)ပင်၊ မဟော်ဂနီ (၁၀၀)ပင်၊ ယူကလစ်(၅၀)ပင်၊ ခရေ(၂၀)ပင်နှင့် စိန်ပန်း(၃၀)ပင်တို့အား စနစ်တကျ စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။                 

မအူပင်ခရိုင်(ပြန်/ဆက်)