ပေါင်းတည် အောက်တိုဘာ ၉
ပေါင်းတည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူ မှတ်တိုင်ရွာမှ လူနာ ၂ ဦး၊ ညောင်ပင်ကိုင်းဆွဲ ရွာမှ လူနာ ၁ ဦး၊ ဖောင်အိုင်ရွာမှ ၁ ဦးတို့နှင့် contact ရှိသူ ပေါက်တန်းရွာမှ ၁ ဦး စုစုပေါင်း ၅ ဦးတို့သည် သတ်မှတ်ထားသော ဆေးရုံတက်ရက်ပြည့်ပြီး ကျန်းမာရေးကောင်းမွန်သဖြင့် အောက်တိုဘာလ ၇ ရက်နေ့ နေ့လယ် ၂ နာရီခွဲအချိန်ခန့်က ဆေးရုံဆင်းခွင့်ရရှိသွားပြီဖြစ်သည်။
လူနာများအား အိမ်တွင်လိုက်နာရမည့် စည်းကမ်းများကို အသေးစိတ်ရှင်းပြပေးခဲ့ပြီး ဆေးရုံဆင်း လက်မှတ်နှင့် စည်းကမ်းချက်စာရွက်အား မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းက ပေးအပ်ခဲ့သည်။
၎င်း လူနာ ၅ ဦးသည် မိမိတို့ နေအိမ်များတွင် Home Quarantine (၇)ရက် ဆက်လက်နေထိုင်ရ မည်ဖြစ်ကြောင်း သိရသည်။
တင်ဝင်းဇော်(မင်းသားကြီး)ပေါင်းတည်