အင်္ဂပူမြို့နယ်၌ မြစ်ကမ်းပါးပြိုကျမှုကြောင့်‌ ကြိုတင်ပြောင်းရွေ့ခဲ့သောလူနေ အိမ်များနှင့်လေဘေးသင့်အိမ်‌ထောင်စုများအတွက်‌ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးများထောက်ပံ့ပေးအပ်

အင်္ဂပူ  အောက်တိုဘာ ၉

အင်္ဂပူမြို့နယ်  ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ယမန်‌နေ့ မွန်းလွဲ ၃ နာရီတွင် င်္ဂပူမြို့နယ်၊ ခွေးတောက် ချောင်းအုပ်စု၊ ခွေးတောက်ချောင်းကျေးရွာ၊ လန်တာ‌ကျေးရွာ၊‌ ညောင်ကုန်းကျေးရွာနှင့် နံကပ်ကျေးရွာတို့ ကမ်းပြိုဘေးကြောင့်ကြို တင်ရွှေ့ပြောင်းခဲ့ရသော အိမ်‌‌ထောင်စုများနှင့် ကျွဲ‌သောင် ကျေးရွာအုပ်စု၊ ကျွဲသောင်‌ကျေးရွာမှ လေဘေးသင်အိမ်ထောင်စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးများထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

အင်္ဂပူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ‌အောက်တိုဘာ (၆)ရက်နေ့က ခွေးတောက်ချောင်းအုပ်စု၊ ခွေးတောက်ချောင်းကျေးရွာ၊ လန်တာ‌ကျေးရွာ၊ ညောင်ကုန်းကျေးရွာနှင့် နံကပ်ကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုမှုကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသော လူနေအိမ်ခြေ(၃၀)လုံး၊ အိမ်‌ထောင်စု(၃၀)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးကျပ် (၃၀၀၀ဝဝဝိ/-)၊ လူဦးရေ (၁၀၆)ဦးအတွက်  ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေကျပ် (၂၂၂၆၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့မှုတန်ဖိုး  ကျပ်(၃၂၂၂၆၀၀/-)နှင့်အောက်တိုဘာ (၂)ရက်‌နေ့ကကျွဲသောင်ကျေးရွာအုပ်စု၊ ကျွဲသောင်ကျေးရွာ၌ လေပြင်းတိုက်မှုကြောင့် လူ‌နေအိမ်တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့‌သော အိမ်ထောင်စု(၁)စု၊ လူဦးရေ(၄)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ကျပ်(၄၀ဝဝဝိ/-)၊ လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုး ထောက်ပံ့ငွေကျပ်(၈၄၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့တန်းဖိုးငွေကျပ်(၄၈၄ဝဝိ/-)တို့ကို ဘေးသင့်ပြည်သူများလက်ဝယ် အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

မန်းကျော်(ပြန်/ဆက်)