ဘိုကလေး အောက်တိုဘာ ၉
ကိုဗစ်-၁၉ ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်နေသည့်ကာလအတွင်း ဝင်ငွေနည်းပါးသည့် အခြေခံအိမ်ထောင်စုများ ဈေးနှုန်းသက်သာစွာ ဝယ်ယူရရှိနိုင်ရန် ဧရာဝတီတိုင်း ဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန်ချက်ဖြင့် ဘိုကလေးမြို့နယ် ဆန်စက်ပိုင်ရှင်များ အသင်းမှ အောက်တိုဘာ (၈)ရက်နေ့မှ စတင်၍ နံနက်(၇)နာရီမှ မွန်းလွဲ ၁ နာရီခွဲထိ ဆင်းသွယ်လတ်ဆန်(၁)ပြည်လျှင် (၁၀၀၀) ကျပ်နှုန်းဖြင့် မြို့နယ် နှစ်ကျိပ်ရှစ်ဆူ တန်ဆောင်းတော်ကြီးတွင် နေ့စဉ်ရောင်းချပေးလျက်ရှိသည်။
ရောင်းချပေးရာတွင် လူတစ်ဦးလျှင်ဆန်(၁)ပြည်နှုန်းနေ့စဉ်ဝယ်ယူနိုင်ကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနလမ်းညွှန်ချက်များနှင့်အညီ ဆန်လာရောက်ဝယ်ယူသူများ အနေဖြင့် သတ်မှတ်အကွာအဝေးဖြင့် နှာခေါင်းစည်း(Mask )များတပ်ဆင်လျက် တန်းစီစနစ်ဖြင့် ဝယ်ယူနိုင်ရေး ဆောင်ရွက်ထားရှိကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)