ပန်းတောင်းမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပန်းတောင်း အောက်တိုဘာ ၉


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်း ရေးကောက်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်တီအနေနှင့် မဲဆွယ်စည်းရုံး ရေးကာလတွင် ညွှန်ကြားချက်များနှင့်အညီ စည်းကမ်းတကျ လိုက်နာဆောင်ရွက်ကြရေး၊ နိုင်ငံရေး ပါတီများနှင့် ရွေးကောက်ပွဲတွင် သက်ဆိုင်သူများအကြား၊ အငြင်းပွားမှု တစ်စုံတစ်ရာဖြစ်ပေါ်လာပါက အချိန်တိုအတွင်း လွယ်ကူလျင်မြန်စွာ ညှိနှိုင်းဆောင်ရွက်နိုင် ရေးနှင့် ကော်မတီ၏ လုပ်ငန်းတာဝန်များအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းအေးက ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ်လောင်းများက သိရှိလိုသည် များကို မေးမြန်းဆွေးနွေးရာ မြို့နယ်စေ့စပ်ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဦးသန်းအေးနှင့် အတွင်းရေးမှူး ဒေါ်နန်းယုဝင်းတို့က ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရသည်။
သင်းသင်းအေး (ပြန်/ဆက်)