ကန်ကြီးထောင့် ဇွန် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် တစ်ဧကလျှင် (၁၀)တင်းနှုန်း ပိုမိုတိုးထွက်ရှိရေးအတွက် ဘောင်စနစ်ဖြင့် ပျိုးထောင်ခြင်း ကွင်းသရုပ်ပြပွဲ အခမ်းအနားကို ကွင်းယား အရှေ့ကျေးရွာအုပ်စု၊ ကွင်းယားအရှေ့ကျေးရွာတွင် ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါ ဘောင်စနစ်ဖြင့် ပျိုးထောင်ခြင်း ကွင်းသရုပ်ပြပွဲအခမ်းအနားတွင် ပုသိမ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းစိုး၊ ခရိုင် မြေစာရင်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးနေဝင်း၊ ခရိုင်ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဌေးနိုင်၊ မြိုနယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးသိန်းနိုင်စိုး၊ မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်မားရေး ကော်မတီဝင် များနှင့် ဌာနဆိုင်ရာများက ကွင်းယားအရှေ့ ကျေးရွာ၊ ကွင်းအမှတ်၊ ၁၈၆ C ၊ ဦးပိုင် ၈/စ ရှိ တောင်သူ ဒေါ်ဝေဝေမျိုး၏ လယ်မြေ (၈)ဧကအတွင်း R.S မျိုး မျိုးကောင်းမျိုးသန့် ဆင်းသုခမျိုး၊ မျိုးစပါး(၁)တင်းလျှင် တစ်ဧကခွဲနှုန်းအား ဘောင်စနစ်ဖြင့် ပျိုးထောင်ခြင်း ကွင်းသရုပ်ပြနေမှုကို ကြည့်ရှု အားပေးခဲ့ ကြသည်။
အဆိုပါ R.S မျိုးကောင်းမျိုးသန့်အား ဘောင်စနစ်ဖြင့် ပျိုးထောင်ခြင်းဖြင့် အရည်အသွးကောင်းမွန်သော မျိုးစပါးများ စိုက်ပျိုးထုတ်လုပ်မှု ရရှိနိုင်စေရန်နှင့် တောင်သူများအား မျိုးသန့်မျိုးစေ့များ စိုက်ပျိုး ထုတ်လုပ်ရာတွင် ပိုမိုတိုးတက်လာစေရန်ဖြစ်ကြောင်း သိရသည်။
မဇင်(ပြန်/ဆက်)