အင်းတော် ဇွန် ၂၀
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဇွန်လ ၁၆ ရက်နေ့ နံနက် ၇ နာရီအချိန်က အခြေခံပညာ အထက်တန်းကျောင်း (အင်းတော်)၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင် များကို ဝေငှခဲ့ပြီး မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်များကို ပြသခဲ့ကြောင်း သိရသည်။
မိမိတို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နိုင်ငံတော်၏ နေ့ထူးနေ့မြတ်များနှင့် အထိမ်းအမှတ်နေ့ရက်များတွင် အသိပညာပေး လက်ကမ်း စာစောင်များကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ဖြန့်ဝေပေးလျက်ရှိပါကြောင်း၊ ၎င်းအပြင် ကျောင်းသူ/ကျောင်းသားများအား မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေးဟောပြောပွဲများ၊ နံရံကပ်စာစောင်ပြပွဲများကို အခါအားလျော်စွာ ပြသဆောင်ရွက်ပေးလျက်ရှိပါကြောင်း အင်းတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သီဟက ပြောပြခဲ့သည်။
အဆိုပါ အဖွဲ့သည် နံနက် ၇ နာရီ အချိန်၌ ကျောင်းသူ/ကျောင်းသားများအား ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဝေငှပေးအပ်ခဲ့ပြီး မူးယစ်ဆေးဝါး အသိ ပညာပေး နံရံကပ်စာစောင်များကို ပြသခဲ့သည်။ ထို့နောက် အခြေခံပညာအထက်တန်းကျောင်း G – 5 မှ ကျောင်းသူ၊ ကျောင်းသားများအား ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ သိကောင်းစရာများ၊ မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း သိကောင်းစရာများကို အင်းတော် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ကျော်သီဟ