ဟင်္သာတ အောက်တိုဘာ ၉
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်တွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းရသော အိမ်ခြေ/ အိမ်ထောင်စုများနှင့် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်ပြိုကျ ပျက်စီးခဲ့သည့် အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေ များကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။
ဟင်္သာတမြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလ(၂၀)ရက်နေ့မှ (၂၈)ရက် နေ့အထိ အိပ်ပျက်၊ သက္ကယ်ပြင်၊ အင်္ဂရမ်းအုပ်စုတို့ရှိ ကျေးရွာခွဲ(၆)ရွာ တို့တွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်း ရသော အိမ်ခြေ/အိမ်ထောင်စု (၃၀)စုအတွက် အိမ်ဆောက် ပစ္စည်းဖိုးရန်ပုံငွေကျပ်သိန်း(၃၀)၊ လူဦး ရေ(၁၂၂)ဦးအတွက် ဆန်ရိက္ခာ(၇) ရက် စာရန်ပုံငွေ (၂၅၆,၂၀၀)ကျပ် တို့ကို လည်းကောင်း၊ စက်တင်ဘာလ (၂၁)ရက်နေ့က ရုတ်တစ်ရက်လေပြင်းများတိုက်ခတ်မှုကြောင့် ပန်းဘဲတန်းရပ် ကွက်နှင့် နတ်မော်အုပ်စု၊ ကရင်စုကျေးရွာ တို့တွင် လေဘေးသင့်ခဲ့သည့် ပြိုကျ လူနေအိမ်(၁)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ ကျပ်(၁) သိန်းနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး ကိုလည်းကောင်း၊ တစ်စိတ်တစ်ပိုင်း ပျက်စီးလူနေအိမ်(၁)လုံးအတွက် အိမ် ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ ကျပ် (၅၀၀၀၀)နှင့် လေဘေးသင့်အိမ်ထောင် စုများရှိ လူဦးရေ(၁၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ ကျပ် (၂၇၃၀၀)တို့ကို ဟင်္သာတခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများက အဆိုပါဘေးသင့် ပြည်သူများလက်ဝယ် သို့ ထောက့်ပံ့ ပေးအပ်ခဲ့ကြောင်းသိရှိရသည်။
ကျော်ကျော်(ပြန်/ဆက်)