ရေကြည်မြို့နယ်တွင် ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်မျိုးတို့ကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချ

ရေကြည် ဇွန် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေ စေရန် ဆန်၊ ဆီနှင့် အခြေခံ စားသောက်ကုန်မျိုးတို့ကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ဖြန့်ရောင်းချခြင်း ကို ယနေ့ နံနက် (၆)နာရီအချိန်က မြို့နယ်စည်ပင်သာယာရုံး‌ရှေ့တွင် ရောင်းချပေးလျက်ရှိ ကြောင်း သိရသည်။

အဆိုပါ ဈေးရောင်းချရာသို့   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းချစ်‌အေးနှင့် အဖွဲ့ဝင်များ၊  မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ လာရောက်ကြည့်ရှု ကာ ဈေးရောင်း/ ဈေးဝယ်နေမှုအား သွား‌ရောက်အားပေးကူညီခဲ့ကြပြီး ဆင်းသုခဆန်တစ်ပြည်လျှင် (၂၈၀၀) ကျပ်၊ ကြက်ဥ တစ်လုံးလျှင်(၂၅၀)ကျပ်၊ ဘဲဥ တစ်လုံးလျှင်(၃၀၀)ကျပ်၊ ဆီ(၂၅)ကျပ်သား တစ်ဘူးလျှင် (၂၆၀၀)ကျပ်၊ ဝက်သား(၂၅)ကျပ်သားလျှင် (၃၂၅၀) ကျပ်နှုန်းဖြင့် အထူးဈေးနှုန်းချိုသာစွာ ဖြန့်ဖြူး ရောင်းချပေးခဲ့ကြောင်းနှင့် ဝယ်ယူသူအိမ်ထောင်စုများကလည်း ဝမ်းမြောက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)