ဘားအံ - အောက်တိုဘာ ၉
ကိုဗစ်-၁၉ ရောဂါကာလအတွင်း အသုံးပြုနိုင်ရေးအတွက်ရည်ရွယ်ပြီး ကရင်ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ဘားအံမြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်းကာ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဝန်ထမ်းများ၊ နေ့စားဝန်ထမ်းများနှင့် သန့်ရှင်းရေးလုပ်သားများအား စားရိက္ခာ(၅)မျိုးနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီက ဘားအံမြို့နယ်စည်ပင်သာယာရေး အဖွဲ့ရုံး အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ဦးစွာကရင်ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီးဦးသန်းနိုင်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ပြည်နယ် စည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူး သူရဦးမြင့်သူက ထောက်ပံ့ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးဦးသန်းနိုင်၊ပြည်နယ်စည်ပင်သာ ယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး သူရဦးမြင့်သူ၊ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးစိုးလွင်၊ ဘားအံမြို့နယ်စည်ပင်သာယာရေးကော် မတီဥက္ကဋ္ဌ ဦးတင်မောင်လွင်နှင့် တာဝန် ရှိသူများက ဝန်ထမ်း(၂၀၀)ဦးအတွက် တစ်ဦးလျှင် ငွေကျပ်တစ်သောင်းခွဲဖိုးရှိ ဆန်၊ဆီ၊ကြက်သွန်၊ ကုလားပဲ၊ ငါးသတ္တာနှင့် တစ်ဦးလျှင် ငွေကျပ်(၅၀၀၀)ကျပ်စီ စုစုပေါင်း သိန်(၄၀)ဖိုး ကို ပေးအပ်ပေးခဲ့ကြောင်းသိရသည်။
နေမျိုးလွင်(ပြန်/ဆက်)