ရွှေဘိုမြို့၌ အမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်း ရရှိ​ရန် အခြေခံစက်ချုပ် (အခမဲ့) သင်တန်းဆင်းပွဲကျင်းပ

​ရွှေဘို ​ဇွန် ၁၉

စစ်ကိုင်းတိုင်း​ဒေသကြီးအစိုးရအဖွဲ့ တိုင်း​ဒေသကြီး က​လေးအလုပ်သမားပ​ပျောက်​ရေး​ကော်မတီ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး​ပေး​ရေး လုပ်ငန်း​ကော်မတီက ဦး​ဆောင် ဖွင့်လှစ်သည့် အ​ခြေခံစက်ချုပ်(အခမဲ့) သင်တန်းအမှတ်စဥ် (၂/၂၀၂၃) ဆင်းပွဲအခမ်းအနားကို​ရွှေဘိုခရိုင် ပြန်ကြား​ရေးနှင့်ပြည်သူ့ ဆက်ဆံ​ရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယ​နေ့ နံနက်ပိုင်းက ​ကျင်းပပြုလုပ်ရာ  ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့် အဖွဲ့ဝင်များ၊ ခရိုင် အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​ဇော်မျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာနခရိုင်မှူး​​နှင့် ဝန်ထမ်းများ၊  သင်တန်း နည်းပြများနှင့်  သင်တန်းသူများ တက်​ရောက်ခဲ့​ကြောင်း သိရသည်။

​ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးက အမှာစကား​ပြောကြားရာ၊ ပြည်သူများ တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်း အတတ်ပညာများ ရရှိစေရန်နှင့် အလုပ်အကိုင် အခွင့် အလမ်းများရရှိလာပြီး မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်​ပေးရခြင်းဖြစ်​ကြောင်း​ ပြောကြားခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာနခရိုင် ဦးစီးမှူး​ဒေါ်ကြွယ်ကြွယ်ဝင်းက အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း ကို မေလ ၂၅ ရက်နေ့မှ ဇွန်လ ၁၉ ရက်နေ့အထိ ရပ်ကွက်ကျေးရွာများမှ အမှန်တကယ် စိတ်ပါဝင်စားလုပ်ကိုင် ဆောင်ရွက်လိုသည့် သင်တန်းသူ ၂၀ ဦးအား​ အခမဲ့ဖွင့်လှစ် သင်ကြား​ပေးခဲ့ကြောင်းနှင့် စက်ချုပ်ပညာဖြင့်မိသားစုများ ဝင်​ငွေတိုးပွား​အောင် လုပ်​ဆောင်နိုင်ပါ​စေ​ကြောင်း တိုက်တွန်း​ပြောကြားခဲ့ပြီး သင်တန်းတွင် ပထမဆု၊ ဒုတိယဆု ရရှိသူများအား စက်ချုပ်စက်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး အထူးဆုနှင့် သင်တန်းဆင်းလက်မှတ်များကို တာဝန်ရှိသူ များက ​ပေးအပ်ချီးမြှင့်​ပေးခဲ့​ကြောင်း သိရသည်။

အဆိုပါ အခြေခံစက်ချုပ်သင်တန်းတွင် စက်ကိုင်တွယ်အသုံးပြုနည်းများ၊ စက်နင်း လေ့ကျင့်ခြင်း နှင့် အခြေခံချုပ်ရိုးများ ချုပ်ခြင်း၊ အမျိုးသမီးဝတ်ရင်စေ့အင်္ကျီ၊ နောက်ကွဲခါးတင်အင်္ကျီ၊ အမျိုး သမီးဝတ်ရင်ဖုံးအင်္ကျီ၊ က​လေးဝတ်ဂါဝန်၊ အမျိုးသားဝတ်သ​င်္ဘောသားအင်္ကျီနှင့် က​လေးဝတ်​ဘောင်ဘီများစသည်ဖြင့် ဘာသာရပ် (၁၆)မျိုးကို စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သိရ သည်။

ခရိုင်ပြန်/ဆက်