ထားဝယ်မြို့တွင် သမဝါယမအသင်းလုပ်ငန်းပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းနှင့် စာရင်းရေး၊ စာရင်းကိုင်သင်တန်း အမှတ်စဉ်(၁/၂ဝ၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ထားဝယ် ဇွန် ၁၉

သမဝါယမအသင်းလုပ်ငန်းပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းနှင့်စာရင်းရေး၊ စာရင်းကိုင်သင်တန်း အမှတ်စဉ် (၁/၂ဝ၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းဆွေက သင်တန်းတွင် ပို့ချပေးပါသောဆရာ/မများအား ကျေးဇူးတင်ရှိကြောင်း၊ သင်တန်းသား/သူများအနေဖြင့် မိုးစပါးဧက(၁၀၀၀၀) စိုက်ပျိုးရေးစီမံကိန်းနှင့် ပတ်သက်၍ စာရင်းဇယားများ စနစ်တကျထားရှိပေးကြရန်၊ လက်တွေ့နယ်ပယ်တွင် အသုံးချရန်နှင့် စီမံရေးရာ စာရေးသားနည်းများ အားအသုံးပြုပေးကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက်တာဝန်ရှိသူများက ထားဝယ်ခရိုင် အတွင်းမြို့နယ်များရှိ သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများနှင့် သမဝါယမအသင်းအမှုဆောင်၊ စာရင်းကိုင်ဝန်ထမ်း၊ အသင်းစာရင်းစစ် စုစုပေါင်း သင်တန်းသား(၃၀)ဦးအား သင်တန်းဆင်း လက်မှတ်များပေးအပ်သည်။

သင်တန်းတွင် သမဝါယမအသင်းလုပ်ငန်းပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းနှင့်စာရင်းရေး၊ စာရင်းကိုင်သင်တန်းအမှတ်စဉ် (၁/၂ဝ၂၃) သင်တန်းအား ဇွန်(၅)ရက်နေ့မှ ဇွန်(၁၈)ရက်နေ့ အထိ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)