ဟုမ္မလင်း၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးဆောင်ရွက်

ဟုမ္မလင်း ဇွန် ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် မိုးရာသီဖြစ်ပွားသောသွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်တွင် ဟုမ္မလင်းရပ်ကွက်၌ တစ်အိမ်တက်ဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင်
   မြို့နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာန  ဉီးတင်မောင်ဝင်း (HA1)က ဦးဆောင်၍ ဝန်ထမ်းများ ပူးပေါင်းပြီး ခြင်ပေါက်ပွားနိုင်သည့် ရေကန်များ၊ ရေသိုလှောင်ကန်များ၊ အိမ်သုံးပစ္စည်းများ၊ ရေတင်ကျန်နိုင်သည့် စွန့်ပစ်ပစ္စည်းများအား ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်း တစ်အိမ် တက်ဆင်း ဆောင်ရွက်ကြသည်။

ဟုမ္မလင်းမြို့နယ်တွင် စာသင်ကျောင်းများ၊ ရပ်ကွက်များနှင့် ကျေးရွာများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ အသိပညာပေးခြင်း များကို သတ်မှတ်ရက်အလိုက် ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)