မြိတ်တက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်း ပြိုင်ပွဲကျင်းပ

မြိတ် ဇွန် ၁၉

မြိတ်တက္ကသိုလ်တွင် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်‌ရေးနှင့် မျိုးဆက်သစ် ပိုက်‌ကျော်ခြင်း အားကစားသမားများ မွေးထုတ်ပေးနိုင်ရေးအတွက် ဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီက တက္ကသိုလ် အားကစားခန်းမတွင် စတင်ကျင်းပသည်။

ပြိုင်ပွဲကို မြိတ်တက္ကသိုလ် အားကစားနှင့်ကာယပညာကော်မတီ နာယက၊ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်းက အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးသည်။ ထိုနောက် ပြိုင်ပွဲဝင် အားကစားသမားများက အားကစားသစ္စာအဓိဌာန် ရွတ်ဆိုခဲ့ကြပြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ စတင်ခဲ့ကြသည်။

ပြိုင်ပွဲစတင်ကျင်းပရာ ပထမဆုံးပွဲစဉ်အဖြစ် သမိုင်းအသင်းနှင့် ဘူမိဗေဒအသင်းတို့ စတင်ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါပြိုင်ပွဲကို ဘာသာရပ်ပေါင်းစုံမှ ပိုက်ကျော်အသင်း(၇)သင်း၊ ပြိုင်ပွဲဝင်အားကစားသမား (၅၀)ဦးခန့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲကို ဇွန်လ(၁၉)ရက်မှ (၂၃)ရက်အထိ  ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)