ကဝမြို့နယ်၌ စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြမီးငြိမ်းသတ်ခြင်း အခမ်းအနားကျင်းပ

ကဝ ဇွန် ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်မီးသတ်ဦးစီးဌာနမှ စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက အ.ထ.က (ကဝ) ဆရာကျော့ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် အ.ထ.က (ကဝ)ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးသီက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမင်းသူက မီးလောင်မှုဖြစ်ပွားပါက လုပ်ဆောင်ရမည့် ဆောင်ရန်၊ရှောင်ရန်တို့ကို ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက်ရေစိုဝတ်ဖြင့် မီးငြှိမ်းသတ်ပုံ၊ မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ပုံတို့ကို ကျောင်းသား ကျောင်းသူများနှင့်အတူ လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား ကျောင်းသူ စုစုပေါင်း(၁၆၀) တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)