ကမမောင်း ဇွန် ၁၉
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ပလတ်စတစ်ညစ်ညမ်းမှုကြောင့် ဇီဝမျိုးစုံကွဲနှင့် အဏ္ဏဝါဂေဟစနစ် ထိခိုက်မှုဆိုင်ရာခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပွဲကို ယနေ့မွန်းလွှဲ(၁)နာရီအချိန်က အမှတ်(၃) အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ (အင်အားပြ) ဒေါ်တင်တင်လှက ပလတ်စတစ်၏အဓိပ္ပါယ်အကြောင်း၊ ပလတ်စတစ်ကြောင့်ဖြစ်ပေါ်နိုင်သည့် ပြသနာများအကြောင်း၊ ပလတ်စတစ်ညစ်ညမ်းမှုအခြေအနေ၊ ပလတ်စတစ်ထုတ်လုပ်သုံးစွဲမှုအခြေအနေ၊ ပလတ်စတစ်ညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးများအကြောင်း၊ ပလတ်စတစ်ပစ္စည်းများ အသုံးပြုမှုကိုလျှော့ချရန် နည်းလမ်းများအကြောင်း၊ ၂၀၁၉ ခုနှစ်တွင် အဏ္ဏဝါပင်လယ်ပြင်အတွင်း ပလတ်စတစ် ရောက်ရှိမှုသည် ကမ္ဘာ့နိုင်ငံများအနက် မြန်မာနိုင်ငံသည် အဆင့်(၃၀)တွင် ရပ်တည်နေကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ပင်လယ်ပြင်အတွင်း အမှိုက်ရောက်ရှိမှု ၈၅%သည် ပလတ်စတစ်အမှိုက်အများဆုံးဖြစ်ကြောင်း၊ စွန့်ပစ်အမှိုက်များကြောင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုဖြစ်ပြီး ရောဂါများစွာရနိုင်သဖြင့် အမှိုက်များကို စနစ်တကျ စွန့်ပစ်ရန်လိုကြောင်း၊ ပလတ်စတစ်ညစ်ညမ်းမှုသည် သဘာဝပတ်ဝန်းကျင်ကို ဆိုးကျိုးများစွာဖြစ်ပေါ်နိုင်သည့်အတွက် လျှော့ချသုံးစွဲကြရန် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရန်အတွက် လူသားအားလုံးမှ လိုက်နာဆောင်ရွက်ကြရန်လိုကြောင်း စသည့်အကြောင်းအရာများနှင့် မူးယစ်ဆေးဝါးများ၏ ဆိုးကျိုးအန္တရာယ်များကြောင်း၊ ကာကွယ်တားဆီးရမည့် နည်းလမ်းများအကြောင်းကို ဟောပြောခဲ့ကြောင်း သိရှိရသည်။
ထို့နောက် တတ်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများကပြန်လည် ရှင်းလင်းဖြေကြားပြီး မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး နံရံကပ်စာစောင်များ ပြသပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့သည်။
သန့်ဇင်(ကမမောင်းပြန်/ဆက်)