ကျိုက်လတ်၌ ဘဲဥ၊ ကြက်ဥနှင့် ငါးပုဇွန် ကုန်စည်စီးဆင်းမှုနှင့် တင်ပို့မှုအခြေအနေအား တာဝန်ရှိသူများစစ်ဆေး

ကျိုက်လတ် ဇွန် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ကျိုက်လတ်မြို့နယ်နှင့် ဖျာပုံမြို့နယ်တို့မှ ရန်ကုန်နှင့် အခြားဒေသများသို့ ဘဲဥ၊ ကြက်ဥနှင့် ငါးပုဇွန် ကုန်စည်စီးဆင်းမှုနှင့် တင်ပို့မှုအခြေအနေအား ယနေ့ နံနက်ပိုင်းမှစ၍ တာဝန် ရှိသူများ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် တပေတမော့ကျေးရွာ၊ လှည်းဆိပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ယာဥ်များပေါ်မှ သယ်ဆောင်လာသည့် ကုန်ပစ္စည်းများကို စာရင်းကောက်ယူစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျိုက်လတ်(ပြန်/ဆက်)