လပွတ္တာ​၌ စားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့်​ ရောင်းချပေး

လပွတ္တာ ဇွန် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၌ စားသောက်ကုန်များအား ပြင်ပပေါက် စျေးထက်စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ ဦးဆောင်၍ ယနေ့ နံနက်ပိုင်းက အမှတ် ၄ ရပ်ကွက်ရာပြည့်စျေးတွင် ရောင်းချပေးခဲ့ကြသည်။

အဆိုပါ စားသောက်ကုန် ရောင်းချပေးခြင်းကို မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများမှ ဝက်သား ၁ ပိဿာ (၁၃၀၀၀)ကျပ်နှုန်း၊ ကြက်သား၁ပိဿာ (၈၅၀၀)ကျပ်နှုန်း၊ ငါး ၁ ပိဿာ(၆၅၀၀)ကျပ်နှုန်း၊ ကြက်ဥ(၁)လုံးလျှင် ၂၃၀ နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်