ရွှေကျင် ဇွန် ၁၉
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နိုင်ရေးအတွက် ကုတင်(၁၀၀)ဆေးရုံအုပ် ဒေါက်တာသိန်းနိုင်လင်း၏ လမ်းညွှန်မှုဖြင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါကွင်းဆင်းဆောင်ရွက်ခြင်းကို မြို့နယ်ကျန်းမာရေးမှူး ဦးတင်မိုးဝင်းမှဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ ဆေးဖြန်းခြင်း၊ အဘိတ်ဆေးခတ်ခြင်းများ ပြုလုပ်ခဲ့ပြီး မိမိတို့အိမ်ခြံဝန်းအတွင်း ခြင်များခိုအောင်နိုင်သော အမှိုက်ပုံများ၊ ရေအိုင်ချိုင့်ခွက်များ၊ ရေအိုးအဟောင်းများ စသည့်နေရာများအား အမြဲသန့်ရှင်းရေးဆောင်ရွက်ထားရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ ဆက်)