လဟယ်မြို့တွင် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကျင်းပ

လဟယ် ဇွန် ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ဦးမိုးကာလရောက် လာသည်နှင့်အမျှ မြို့တွင်းစိမ်းလန်းစိုပြေစေ ယာသာလှပရေး ရည်ရွယ်၍ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကို ဇွန်လ ၁၇ ရက်နေ့ နံနက် (၇)နာရီအချိန် လဟယ်မြို့ စုပေါင်းဝန်ထမ်းအိမ်ရာ လမ်းဘေးနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းဝန်းတို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စုပေါင်းမိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးနေမင်းသူနှင့် ဒေသအဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဇာနည်ဝင်းနှင့် မြို့နယ်အဆင့် ဌာနဆိုင် များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွန်ကြားရေးမှူး ဦးညီညီထွေးနှင့် ရုံးဝန်ထမ်းများ တက်ရောက်ကြပြီး နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌတို့က တက်ရောက်လာကြသော ဒေသအဆင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများထံ ပျိုးပင်များပေးအပ်ပြီး ပျိုးပင်များစိုက်ပျိုးကြသည်။

ထိုသို့ မိုးရာသီ သစ်ပင်စိုက်ပျိုးရာတွင် လဟယ်မြို့ စုပေါင်းဝန်ထမ်းအိမ်ရာ လမ်းဘေးတွင် စိန်ပန်းပျိုးပင် (၅၀)ပင်နှင့် ချယ်ရီအလှပျိုးပင် (၅၀)ပင်ကို လည်းကောင်း၊ လဟယ်မြို့ အစိုးရနည်းပညာအထက်တန်းကျောင်းဝန်းတွင် တညင်းပင်(၁၀၀)ပင်၊ မျောက်ငိုပင်(၅၀)ပင်၊ ထောပံ့ (၅၀)ပင် စုစုပေါင်း ပျိုးပင် (၃၀၀)ပင်အား စိုက်ပျိုးခဲ့ကြောင်း သိရသည်။ လဟယ်မြို့နယ် စည်ပင်သာယာရေးဌာနအနေဖြင့် အရိပ်ရချယ်ရီပင်နှင့် စိန်ပန်းပင်များကို မိုးရာသီတွင် နှစ်စဉ် စိုက်ပျိုးလျက်ရှိပြီး မြို့တွင်းစိမ်းလန်းစိုပြေ သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်