သာယာဝတီ ဇွန် ၁၉
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် သာယာဝတီမြို့နယ်၊ ကျွန်းကုန်းရွာအုပ်စု ကျွဲသတ်ကျေးရွာတောင်သူ ဒေါ်အေးစန်း ပိုင်ဆိုင်သော ရန်ကုန်ပြည်လမ်း မိုင်တိုင်အမှတ် ၈၄/ ၃ ရှိကွင်းအမှတ် ၁၂၀၁ ၊ ဦးပိုင်အမှတ် ၊ ၈၈ ၊ စိုက်ဧက ၀၆ ဧက ရှိ ဗီယက်နမ် ရက် ၁၀၀ စပါးစိုက်တွင် ဘောင်စနစ်ဖြင့်ပျိုးထောင်ပြသခြင်းကို ဇွန် ၁၉ ရက်နံနက် ၁၀နာရီက ကြည့်ရှုခဲ့သည်။
အဆိုပါ ဗီယက်နမ် ရက် ၁၀၀ စပါးစိုက်ခင်းသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစန်းဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာများလိုက်ပါလျက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါစပါးစိုက်ခင်းတွင် ဘောင်စနစ်ဖြင့်ပျိုးထောင်ပြသခြင်းအား ကြည့်ရှု့လေ့လာခဲ့ရာ ခရိုင်စိုက်ပျိုးရေး ဦးစီးမှူး ဒေါ်မာမာအောင်က လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ ဆက်)