ကြံခင်းမြို့နယ် မဟာသကျမုနိစေတီတော်တွင် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရန် စုပေါင်း သစ်ပင်စိုက်ပျိုး

ကြံခင်း ဇွန် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် မဟာသကျမုနိစေတီတော်တွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေး၊ ရာသီဥတု ကောင်းမွန်မျှတစေရေး၊ ဘုရားဖူး ပြည်သူများ စိတ်အေးချမ်းစွာ တရားဘာဝနာ ပွားများနိုင်စေရန်နှင့် ဒေသအပူချိန် လျှော့ချနိုင်စေရန် ရည်ရွယ်ပြီး ‌ယမန်နေ့ညနေပိုင်းက ကြံခင်းမြို့နယ် မဟာသကျမုနိစေတီတော် ပုရဝဏ်အတွင်း မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးကြကြောင်း သိရသည်။

ထိုသို့ စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းကို မဟာသကျမုနိစေတီတော် ဂေါပကဥက္ကဋ္ဌ ဦးအောင်ရွှေ ဦးဆောင်ဂေါပကအဖွဲ့ဝင်များနှင့် မြို့ပေါ်ရပ်ကွက်များမှစေတနာရှင် အလှူရှင်များ စုပေါင်းလှူဒါန်းသည့် ပျိုးပင်များဖြစ်သော ခရေ၊ ကံ့ကော်၊ ရေတမာ၊ စိန်ပန်း၊ စကားဝါ၊ စက္ကူပန်း၊ ငုစပ်၊ သပြေဘူတ၊ ရွက်လှပန်းပင်စသော ပျိုးပင်ပေါင်း (၁၀၀)ကို တစ်ပျော်တစ်ပါး စုပေါင်း သစ်ပင်စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)