နတ်မောက်မြို့ အခြေခံပညာအလယ်တန်းကျောင်း(တမာပင်)တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲပြုလုပ်

နတ်မောက် ဇွန် ၁၉

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍မှ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို  ယနေ့နံနက် ၉ နာရီအချိန်က တမာပင်ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်းတွင်  ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ လူငယ်ရေးရာ အသိပညာပေးဟောပြောတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အား/ကာမှူးက ‘ လူငယ်နှင့်ခေါင်းဆောင်မှု’ ခေါင်းစဉ်ဖြင့်ဆွေးနွေးရာ  ကိုယ့်နိုင်ငံသား လူငယ်များကို ကမ္ဘ့ာစံချိန်မီ ကျန်းမာစေလိုပါကြောင်း၊ ပညာထက်စေ၍ နိုင်ငံရေးဗဟုသုတကြွယ်၀စေလို ပါကြောင်း၊ ပေါင်းသင်းဆက်ဆံရေးနယ်ပယ်ကျယ်ပြန်စေပြီး လူကောင်းလူသန့်ဖြစ်စေလို ပါကြောင်းနှင့် ခေါင်းဆောင်များ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ခေါင်းဆောင်တို့ပြည့်စုံရမည့် နာယကဂုဏ်(၆)ပါး စသည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်အား/ကာမှူးမှ ကျောင်းသား/သူများ ကစားနိုင် ရန်အတွက်  အားကစားပစ္စည်းများ လှူဒါန်းပေးခဲ့ရာ ဆရာမမှ လက်ခံရယူခဲ့ကြောင်းသိရသည်။

လှဝင်း