သရက်မြို့နယ် ၂၀၂၃-၂၀၂၄ စာသင်နှစ်ဓမ္မစကူးလ်  ဖွင့်ပွဲကျင်းပ

သရက် ဇွန် ၁၉

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သရက်မြို့နယ် ဓမ္မစကူးလ်ဖောင်ဒေးရှင်း၊ သာသနာ့ဗိမာန် ဓမ္မစကူးလ်ဌာန၏ ၂၀၂၃-၂၀၂၄စာသင်နှစ် ဓမ္မစကူးလ် ဖွင့်ပွဲကျင်းပခြင်းကို ယမန်နေ့ နံနက်(၈) နာရီက မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် နမောတဿ (သုံးကြိမ်)ရွတ်ဆို၍ ဖွင့်လှစ်ပေးခဲ့ပြီး သရက်မြို့နယ် သံဃနာယကအဖွဲ့ဝင် အုဋ်ဖိုလ်တိုက်ကျောင်း မြတ်ပါရမီဆရာတော် ဘဒ္ဒန္တပညာသီရိထံမှ  (၅)ပါး သီလခံယူဆောက်တည်ပြီး မြို့နယ်သံဃနာယကအဖွဲဥက္ကဋ္ဌ မြို့နယ် ဓမ္မစကူးလ် ဖောင်ဒေးရှင်းဥက္ကဋ္ဌ မြခဲတောင်ကျောင်းဆရာတော် ဘဒ္ဒန္တသီလဝံသက ဩဝါဒစကား မြွတ်ကြားပေးခဲ့ကာ ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ ရုတ်သိမ်းခဲ့ကာ ဆက်လက်၍ ဓမ္မစကူးလ်သင်တန်းအား သင်ကြားပိုချပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)