လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ စာဖတ်ဝိုင်း ကျင်းပ

မော်လိုက် ဇွန် ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့၏ စာဖတ်ဝိုင်းကို ယမန်နေ့ နံနက် ၁၀နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇေယျာဝင်းက မိတ်ဆက်စကားပြောကြားသည်။ ဆက်လက်၍ တက်ရောက်လာကြသည့် စာပေချစ်မြတ်နိုးသူများက စိတ်ကြိုက်ရွေးချယ်ထားသော စာရေးသူ-အေးနှင်းအောင်၏ လှပသောစကားသုံးလုံးနှင့် ဘဝတိုးတက်ရေး လမ်းညွှန်ဆောင်းပါးတိုများစာအုပ်မှ ရှေ့ ဆောင်လမ်းပြဆောင်ရွက်ခြင်း ဆောင်းပါးအား ကိုလှိုင်မျိုးအောင်က ဦးဆောင်၍ ဖတ်ကြားဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများကလည်း အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ စာဖတ်ဝိုင်းသို့ စာပေချစ်မြတ်နိုးသူ (၁၈) ဦးတက်ရောက်ခဲ့ကြကာ လစဉ်တတိယအပတ်၏ စနေနေ့တိုင်း စာဖတ်ဝိုင်းပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ခရိုင်(ပြန်/ဆက်)