အောင်လံမြို့၌ မြို့နယ်အတွင်း အီလက်ထရောနစ်အမျိုးမျိုးနှင့် ဆက်စပ်ပစ္စည်းရောင်းချသည့် ဆိုင်များအား Star Link ဂြိုလ်တု၊ Terminals စက်ပစ္စည်းများ ဝယ်ယူရောင်းချမှုမရှိရေး ညှိုနှိုင်းဆွေးနွေးပွဲ ကျင်းပ

အောင်လံ ဇွန် ၁၈

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ မြို့နယ်အတွင်း အီလက်ထရောနစ်အမျိုးမျိုးနှင့် ဆက်စပ်ပစ္စည်းရောင်းချသည့် ဆိုင်များအား Star Link ဂြိုလ်တု၊ Terminals စက်ပစ္စည်းများ ဝယ်ယူရောင်းချမှုမရှိရေး ညှိုနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အောင်လံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ညီညီထွန်းက ဆက်သွယ်ဆိုင်ရာ ကိစ္စရပ်များဆွေးနွေးခြင်း၊ ခရိုင်ဥပဒေအရာရှိ ဦးဆန်းဝင်းက ဆက်သွယ်ရေးဥပဒေနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်က မြို့နယ်အတွင်းတွင် အီလက်ထရောနစ်အမျိုးမျိုးနှင့် ဆက်စပ်ပစ္စည်းများ ရောင်းချသည့် ဆိုင်များအား Star Link ဂြိုလ်တု၊ Terminals စက်ပစ္စည်းများ ဝယ်ယူရောင်းချမှုမရှိရေး အထူးအလေးထားလိုက်နာဆောင်ရွက်ရန်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်မောင်နိုင်မှ ဆက်သွယ်ရေးဥပဒေဖြင့် ဖမ်းဆီးအရေးယူမှုတို့နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများ၏ ဆွေးနွေးမေးမြန်းချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများ ပြန်လည်ဆွေးနွေး ဖြေကြားခဲ့ကြောင်း သိရသည်။

မျိုးသိန်း(ပြန်ဆက်)