ကော့သောင်း ဇွန် ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟံသာဝတီခန်းမတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ ပေးအပ်ပွဲအခမ်းအနားတွင် ဇွန် လ ၈ ရက်နေ့က ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် ကော့သောင်းမြို့၊ ပိတောက်ရွှေဝါရပ်ကွက်တွင် ပြိုကျပျက်စီးခဲ့သော နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁၀၀၀၀၀/)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၈) မျိုးပါ (၁) ပုံး၊ တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် (၅) လုံး (တန်းလျားပါ) အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၇၀၀၀၀/)ကျပ်၊ အဆိုပါဘေးသင့်အိမ်ထောင်စု (၆) စု၊ ဘေးသင့်လူဦးရေ (၃၃) ဦးအတွက် (၇) ရက် စာဆန်ဖိုးထောက်ပံ့ငွေ (၆၉၃၀၀/) ကျပ်၊ စုစုပေါင်းငွေကျပ် (၃၃၉၃၀၀/) ကျပ်အား တို့အား တာဝန်ရှိသူများက ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်