သဲကုန်း​မြို့နယ် ကြက်​​ခြေနီအသင်း(ခွဲ)မှ ထိခိုက်ဒဏ်ရာ ရှေးဦးပြုစုခြင်း(ဆင့်ပွား) သင်တန်းဖွင့်ပွဲကျင်းပ

သဲကုန်း ဇွန် ၁၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ကြက်ခြေနီအသင်းမှ ကြီးမှူးဖွင့်လှစ်သော ထိခိုက်ဒဏ်ရာရှေးဦးပြုစုခြင်း(ဆင့်ပွား) သင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၈)နာရီက အောင်ဆန်းစာ​ကြည့်တိုက် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။ ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်ကြက်ခြေနီအသင်း (ခွဲ)ဥက္ကဋ္ဌ ဦးတင်ဦးမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)တပ်ဖွဲ့မှူး ဦးမြင့်ကျော်မှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ၊ သင်တန်းစည်းမျဉ်း စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။ 

အဆိုပါသင်တန်းကို ဇွန်လ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့အထိ ၂ ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသား(၁၅)ဦး တက်ရောက်၍ သင်တန်းနည်းပြ (၂) ဦးမှကြက်ခြေနီအကြောင်း သိကောင်းစရာများ၊ ဒဏ်ရာရရှိပါက အခြေခံရှေးဦး ပြုစုနည်းများ၊ ထိခိုက်ဒဏ်ရာရရှိသူများအားဦးစား​ပေးလျာရွေးချယ်​ခြင်း စသည့်တို့ကို စာတွေ့လက်တွေ့ပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူများအား P.P.E ဝတ်စုံများ၊ Mask၊ Hand Gel များပေးအပ်ခဲ့​​ကြောင်း သိရသည်။

ကိုကျော်(ပြန်/ဆက်)