ရွေးကောက်ပွဲတာဝန်ထမ်းဆောင်မည့် အထူးရဲများနှင့်သင်တန်းနည်းပြများအား ကိုဗစ် − ၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေး

ဖာပွန် အောက်တိုဘာ ၉

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ရွေးကောက်ပွဲတာဝန် ထမ်းဆောင်မည့် အထူးရဲများနှင့် သင်တန်းနည်းပြများအား ကိုဗစ် − ၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝေလင်းနှင့် ကျန်းမာရေးဝန်ထမ်းများက ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေး တာဝန်ဆောင်ရွက်မည့် အထူးရဲ (၁၆) ဦးနှင့် သင်တန်းနည်းပြ (၈) ဦးအား ကိုဗစ် − ၁၉ ရောဂါပိုး ရှိ/ မရှိကို Test Kit များဖြင့် စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆေးချက်အရ သင်တန်း၌ တက်ရောက်နေကြသော သင်တန်းသားအထူးရဲ(၁၆)ဦး နှင့် နည်းပြ(၈)ဦးတို့တွင် ကိုဗစ် − ၁၉ ရောဂါပိုးမတွေ့ရှိကြောင်း သိရသည်။

စိုင်းကျော်ဝဏ္ဏ၊တိုးဝေဇင်(ပြန်ဆက်)