ချောင်းသာ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် အဘိတ်ဆေးခတ်ခြင်း ဆောင်ရွက်

ချောင်းသာ ဇွန် ၁၆

ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင်  သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းကို ယနေ့နံနက် ၈ နာရီက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ၌ ဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ခြင်ပေါက်ပွားနိုင်သော အိမ်သုံးပစ္စည်းများ၊ ရေတင်ကျန်သည့် စွန့်ပစ်ပစ္စည်းများအား၊ ရေတွင်း၊ ရေကန်နှင့် ရေစည်များကို ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် ရေသိုလှောင်ကန်များကို အဘိတ်ဆေးများခတ်ခြင်းများ တစ်အိမ်တက်ဆင်း ဆောင်ရွက်ကြပြီး အသိပညာပေး ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ဆောင်ရွက်ခြင်းကို တိုက်နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ကျော်ကျော်(ပြန်/ဆက်)