ကြံခင်း ဇွန် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၉)နာရီအချိန်က အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းဝန်းတွင် ကျင်းပခဲ့သည်။
အသိပညာပေး ဟောပြောပွဲတွင် အမှတ် (၂)၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်နွဲ့နွဲ့ဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ မြို့နယ်ကျန်းမာရေးမှူး(၁) ဦးကျော်ကျော်စန်းက သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ဝင်းဝင်းကြည်က သွေးလွန်တုပ်ကွေးရောဂါ လက္ခဏာများ၊ သွေးလွန် တုပ်ကွေးရောဂါ မဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရန် နည်းလမ်းများ ဖြစ်သော ဖုံး၊ သွန်၊ လဲ၊ စစ်၊ ခတ်၊ ထောင်၊ လောင်း၊ ဖွင့်၊ ရှင်း၊ မြုပ်၊ ထည့် အဓိပ္ပါယ်အား ရှင်းလင်းပြောကြားရာ ကျောင်းသား/သူများက သိရှိလိုသည်များအား မေးမြန်းခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြား ဆွေးနွေးပေးခဲ့ကြောင်းနှင့် အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ(၄၄၄)ဦး တက်ရောက်ကြ ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)