သံတောင်ကြီးမြို့နယ် Community Centreခန်းမတွင် Book Club/Youth Club များစာဖတ်ဝိုင်းပြုလုပ်

သံတောင်ကြီး ဇွန်လ ၁၆

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူး သိရှိစေရန်ရည်ရွယ်၍ Book  Club/Youth Club အဖွဲ့ဝင်များက စာရေး ဆရာချစ်ဦးညို၏ တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှုစာမျက်နှာ စာအုပ်အား ယနေ့နံနက် (၁၀) နာရီ အချိန်က Community Centre ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး နော်နီလာအေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီးနောက် (Book Club) အဖွဲ့ဝင်က စာအုပ်ပါအကြောင်းအရာတွင် ခေါင်းစဉ်ငယ်ဖြစ်သည့် ကျွန်တော် တာဝန်ယူ ဟောပြောဆွေးနွေးပါ့မယ်၊ ဒါနဲပဲစဉ်းစားတယ်၊ မင်းမှာသစ္စာလူမှာကတိ၊ အင်းဝခေတ် ထူပါရုံဒါယကာ နရပတိဘုရင်လက်ထက် စသည့် အကြောင်းအရာများအား စာဖတ်ဝိုင်း ဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး နော်အယ်ဝါး (Youth Club) အဖွဲ့ဝင်က ကမ္ဘာမြေလောကအတွင်း ဝင်ရောက်မွေးဖွားသူများ၊ ဆရာ့စကားသည် ကျွန်တော့် အတွက် အားဆေးတစ်ခုပင်ဖြစ်ပေသည်၊ စာရေးဆရာမများအပေါ် တင်ရှိနေသော ကျေးဇူးတရားပင်ဖြစ်သည့် စသည့်အကြောင်းအရာများကို  ဖတ်ကြားဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် Book Club/Youth Club အဖွဲ့ဝင်များက စာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

စောမင်းသား