ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ရုံးမြေစိုက်နံရံကပ်ပြဘုတ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ ဗီနှိုင်းပိုစတာများ ပြသထားရှိ

ဆင်ပေါင်ဝဲ ဇွန် ၁၆

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ရှိ မြေစိုက်နံရံကပ်ပြဘုတ်တွင် ယနေ့နံနက် ၁၀ နာရီအချိန်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ ဗီနှိုင်းပိုစတာများ ပြသထားရှိကြောင်း သိရသည်။    

အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ သိကောင်းစရာများ၊ မူးယစ်ဆေးဝါးအမျိုး အစားသိကောင်းစရာများပါဝင်သည့် ဗီနိုင်းပိုစတာများကို ပြသဆောင်ရွက်ထားရှိခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ အလွယ်တကူ ကြည့်ရှု့လေ့လာနိုင်ရန် ပြသထားရှိကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)