မြို့သစ် ဇွန် ၁၆
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနက ပြည်သူလူထုသို့ တိုက်ရိုက်ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ အသိပညာပေးသင်တန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ နေ့လယ် ၁၁ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းထက်က အဖွင့်အမှာစကားပြောကြားပြီး မြို့သစ်မြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ရင်မိုးက နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် ပြည်သူတစ်ရပ်လုံး ရရှိခံစားသင့်သော အခွင့်အရေးများကို အချိန်နှင့်တစ်ပြေးညီ အပြည့်အဝရရှိနိုင်ရန် ရည်ရွယ်ပါကြောင်း၊ အခွင့်အရေးများအပေါ် အသိအမှတ်ပြု နားလည်လက်ခံသည့် စနစ်များ၊ ဖွဲ့စည်းပုံများ၊ လုပ်ထုံးလုပ်နည်းများနှင့် အကောင်အထည်ဖော်မှုများကို စေတနာ့ဝန်ထမ်းပုဂ္ဂိုလ်များနှင့် လူမှုရေးဆောင်ရွက်နေသူများ သိရှိနားလည်ပြီး ချိတ်ဆက်ဆောင်ရွက်နိုင်ပါကြောင်း ပြောကြားခဲ့သည်။ အဆိုပါသင်တန်းတွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများ စုစုပေါင်း (၈၅)ခန့် တက်ရောက်ကြောင်း သိရသည်။
သန်းဝင်းထွန်း (ပြန်/ဆက်)