နတ်မောက်မြို့နယ်တွင် ကျောင်းသား/သူကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန် ရည်ရွယ်၍ ဆေးရောင်ခြယ် ပြိုင်ပွဲကျင်းပ

နတ်မောက်  ဇွန် ၁၆

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်း၍ လူထုအခြေပြု ဗဟိုဌာန (Community Centre) ကလေးစာဖတ်ခန်းတွင် ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် ကျောင်းသား/သူများ အာရုံစူးစမ်း​လေ့လာမှုနှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက် လာစေရန်၊ စိတ်လက်ပေါ့ပါးပျော်ရွှင်စေရန်၊ အစုအဖွဲ့အတွင်း ပူးပေါင်းပါဝင် ဆောင်ရွက်တတ် စေရန်ရည်ရွယ်၍    ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ မူလတန်းကျောင်းသား/သူကလေးငယ် (၁၈)ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး၊ ဆုရရှိသူများအား ဆုများ အသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်လူငယ်များနှင့် ကျောင်းသား/သူများ အသိပညာဗဟုသုတမြင့်မားစေရန်ရည်ရွယ်၍ သင်တန်းများ၊ ပြပွဲပြိုင်ပွဲများ၊ ဟောပြောပွဲများ၊ အသိပညာပေးဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက် ပေးလျက်ရှိသည်။

လှဝင်း