နတ်တလင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေး

နတ်တလင်း ဇွန် ၁၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှ ၂၀၂၃ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၈၂) အုပ်စုမှ ဘဏ်အဖွဲ့ဝင် တောင်သူများအား ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့နေ့လည် ၂နာရီက တာပွန်(တ)ရပ်ကွက်နှင့်လှပခြင်းကျေးရွာ အုပ်စုတို့မှ တောင်သူ (၉၈)တို့၏ မိုးစပါးစိုက်ဧက (၄၄၈)ဧကအတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ပေးလျက်ရှိသည်။

ထိုသို့ထုတ်ပေးရာတွင် မိုးစပါးစိုက်ပျိုးမြေ တစ်ဧကလျှင် ငွေကျပ်တစ်သိန်းငါးသောင်း ကျပ်နှုန်းဖြင့် (၆၇၂)သိန်းအားထုတ်ချေးပေးခဲ့ပြီး ယနေ့အထိ ကျေးရွာအုပ်စု (၅) အုပ်စုမှ တောင်သူ(၄၇၄)ဦး၏ မိုးစပါးစိုက်ဧက (၂၉၃၆)ဧကအတွက် ငွေကျပ် (၄၄၀၄)သိန်းအား ထုတ်ချေးပေးခဲ့ပြီး ကျန်ရှိနေသော ကျေးရွာအုပ်စုများမှ တောင်သူများကိုလည်း ဆက်လက်၍ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

ဝေယံဖြိုး(ပြန်/ ဆက်)